တောင်ပိုင်းစစ်မြေမှ ရေတပ်အား ရှီကျင့်ဖိန် သွားရောက်ကြည့်ရှုစစ်ဆေး

(GMT+08:00)2023-04-13 17:02:17  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဧပြီလ ၁၁ရက်နေ့က တောင်ပိုင်းစစ်မြေမှ ရေတပ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှီကျင့်ဖိန် က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ စိတ်ဓာတ်ကို သေသေချာချာအကောင်အထည်ဖော်ပြီး ခေတ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ တပ်မတော်အားကောင်းစေရေးဆိုင်ရာ အတွေးအခေါ်ကို အကောင်အထည်ဖော်ပြီး ခေတ်သစ် စစ်ရေးမဟာဗျူဟာမူဝါဒကို အကောင်အထည်ဖော်ရကြောင်း၊ စစ်ရေး လေ့ကျင့်မှုနှင့် ပြင်ဆင်မှုများကို ပိုမိုနက်ရှိုင်းစေပြီး အသွင်ပုံစံကူးပြောင်းရေးကို အရှိန်မြှင့် ဆောင်ရွက်ကာ တပ်မတော်ခေတ်မီရေးအဆင့်အတန်းကို ဘက်စုံမြှင့်တင်၍ တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများ ပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရကြောင်း အလေးထားပြောကြားခဲ့ပါသည်။