စက်ကိရိယာများဖြင့် ငရုပ်သီး ပြောင်းရွှေ့ စိုက်ပျိုးရေးလုပ်ငန်းကို ဘက်စုံဆောင်ရွက်

(GMT+08:00)2023-04-13 19:13:19  

ဧပြီလ ၁၁ရက်နေ့က တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ Yanqi ဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ငရုတ်ကောင်းပျိုးပင်ငယ် တရုတ်ဧက တစ်သိန်း ကျော် ရွှေ့ပြောင်းစိုက်ပျိုးရေးလုပ်ငန်းကို ဘက်စုံဆောင်ရွက်နေပါသည်။ ငရုတ်သီး စိုက်ပျိုးသော လယ်သမားများသည် ရိုးရာစိုက်ပျိုးရေးနည်းလမ်းကို ပြောင်းလဲပြီး စက်ကိရိယာများဖြင့် ငရုတ်ကောင်းပျိုးပင်ငယ်များကို ပြောင်းရွှေ့စိုက်ပျိုးသည့်အတွက် ရွှေ့ပြောင်းစိုက်ပျိုးချိန် များစွာ တိုတောင်းသွားပါသည်။ လွန်ခဲ့သည့်နှစ်များတွင် Yanqi ဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် ခေတ်သစ်လယ်ယာစိုက်ပျိုးရေး သိပ္ပံနည်းပညာကို အသုံးပြုပြီး စက်ကိရိယာများဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ကာ လယ်ယာစိုက်ပျိုးရေးတွင်ကျယ်မှုကို မြှင့်တင်ခဲ့ပါသည်။