တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ “အာဖဂန်ပြဿနာဆိုင်ရာ တရုတ်ရပ်တည်ချက်” ကြေညာချက် ထုတ်ပြန်

(GMT+08:00)2023-04-13 17:00:07  

ဧပြီလ ၁၂ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် “အာဖဂန်ပြဿနာဆိုင်ရာ တရုတ်ရပ်တည်ချက်” ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။

တရုတ်နှင့်အာဖဂန်တို့ တောတောင်ရေမြေချင်းဆက်စပ်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေးသည် ရှေးပဝေသဏီခေတ်မှစ၍တည်ရှိခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် အာဖဂန်ပြဿနာအပေါ် တရုတ်နိုင်ငံသည် အောက်ပါရပ်တည်ချက်များရှိပါသည်။

“လေးစားမှု ၃ရပ်” နှင့် “ဘယ်တော့မှ မပြုရ ၃ရပ်”ကို စွဲကိုင်ကြောင်း၊ အာဖဂန်အား တည်ငြိမ်အားကောင်းပြီး အစွန်မရောက်သော မူဝါဒ ကျင့်သုံးရန် ထောက်ခံကြောင်း၊ အာဖဂန် ငြိမ်းချမ်းစွာပြန်လည် ထူထောင်ရန် ထောက်ခံကြောင်း၊ အကြမ်းဖက်မှုကို ပြတ်သားပြီးအားကောင်းစွာ တိုက်ဖျက်ရန် အာဖဂန်အား ထောက်ခံကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရာတွင် နှစ်ဖက်ဆိုင်၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန် ပန်ကြားကြောင်း၊ အာဖဂန်၌ အကြမ်းဖက်မှု၊ ခွဲထွက်မှုနှင့် အစွန်းရောက်မှု ဟူသော “အင်အား၃ခု”ကို ပူးပေါင်းတိုက်ဖျက်ကြောင်း၊ အာဖဂန်အပေါ် သက်ဆိုင်ရာ စာချုပ်အရ တိကျမှန်ကန်စွာ လိုက်နာဆောင်ရွက်ပြီး သက်ဆိုင်ရာ တာဝန် ထမ်းဆောင်ရန် အမေရိကန်အား တိုက်တွန်းကြောင်း၊ အာဖဂန်ပြည်ပအင်အားများ အာဖဂန်ရေးရာများတွင် ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း၊ အာဖဂန်ပြဿနာဆိုင်ရာ နိုင်ငံတကာနှင့်ဒေသတွင်း ညှိနှိုင်းရေးကို တိုးမြှင့်ကြောင်း၊ အာဖဂန်လူသားချင်းစာနာထောက်ထားမှုနှင့်ဒုက္ခသည်ပြဿနာကိုဖြေရှင်းရန် အကူအညီပေးကြောင်း၊ အာဖဂန်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ထောက်ခံကြောင်း ကြေညာချက်ထဲတွင် ရေးသားထားပါသည်။