အရှေ့ကမ္ဘာခြမ်းနှင့် အနောက်ကမ္ဘာခြမ်းမှ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ ၂နိုင်ငံ ထပ်မံလက်တွဲ

(GMT+08:00)2023-04-12 15:18:51  

ယခုလ ၁၂ရက်နေ့တွင် ဘရာဇီးနိုင်ငံ သမ္မတ Lulaသည် တရုတ်ပြည် ခရီးစဉ်ကို စတင်ပါသည်။

Lulaသည် ၄င်း၏ ပထမဆုံး အကြိမ် သမ္မတ တာဝန် သက်တမ်း(၂၀၀၃ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ) အတွင်း တရုတ်ပြည်သို့ ၂ကြိမ်တိုင်တိုင် တရားဝင်ခရီး လာရောက်လှည့်လည်ခဲ့ဖူးပါသည်။ ယင်းအချိန်ကာလပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါသည်။ ၂၀၀၉ခုနှစ်တွင် တရုတ်ပြည်သည် ဘရာဇီး၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ၁၄နှစ် ဆက်တိုက် ၄င်းအဆင့်နေရာကို ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ ဘရာဇီးသည် တရုတ်ပြည်နှင့် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ကျော် ရရှိခဲ့သော ပထမဆုံး လက်တင် အမေရိက နိုင်ငံ ဖြစ်ပါသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ၏ တွန်းအားပေးမှုများဖြင့် တရုတ်-ဘရာဇီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် တစ်နေ့တခြား နက်ရှိုင်းလာပြီး နှစ်နိုင်ငံ ပြည်သူများ အကြား သိရှိနားလည်မှုလည်း အဆက်မပြတ် တိုးပွားလာပါသည်။ ဘောလုံး၊ Sambaနှင့် barbecues အပြင်၊ လက်ရှိ တရုတ်ပြည်သူ၊ အထူးသဖြင့် လူငယ်များသည် ဘရာဇီးကို ပိုမိုများပြားသော သိရှိနားလည်မှု ရှိလာပြီ ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် တရုတ်ပြည်နှင့် ပတ်သက်၍ ဘရာဇီး ပြည်သူများ၏ သိရှိနားလည်မှုများမှာလည်း မဟာတံတိုင်းရှည်ကြီးနှင့် Kungfu ပဲ မဟုတ်တော့ပါ။

ရှုပ်ထွေးပြီး အဆက်မပြတ် ပြောင်းလဲနေသော နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရာတွင် တရုတ်နှင့် ဘရာဇီး နှစ်နိုင်ငံတို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ရှေ့ဆောင်သူများ ဖြစ်ကြသည့် အနေဖြင့် ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် ဗိုလ်ကျမှု နိုင်ငံရေးများကို ဆန့်ကျင်ပြီး စစ်မှန်သော ဘက်ပေါင်းစုံ မူဝါဒကို စွဲကိုင်ကြပါသည်။ နှစ်နိုင်ငံတို့သည် ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ G20နှင့် BRICSစသည့် နိုင်ငံ တကာ အဖွဲ့အစည်းနှင့် ဘက်ပေါင်းစုံ ယန္တရားများတွင် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အသံကို ကျယ်လောင်လာစေပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသံကိုလည်း ကျယ်လောင်လာစေပါသည်။

ပြင်ပလောကမှလည်း သမ္မတ Lula၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ် အပေါ် လွန်စွာ အာရုံစူးစိုက်နေကြပါသည်။ အရှေ့ကမ္ဘာခြမ်းနှင့် အနောက်ကမ္ဘာခြမ်းမှ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ ၂နိုင်ငံ ဖြစ်သည့် တရုတ်နှင့် ဘရာဇီး ၂နိုင်ငံ အကြားရှိ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံ အတွက်ရော၊ တစ်ကမ္ဘာလုံး အတွက်ပါ အကျိုးရှိပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ ဦးဆောင်မှုဖြင့် တရုတ်နှင့် ဘရာဇီးတို့၏ နယ်ပယ် အသီးသီးမှ အပြန်အလှန် အကျိုးရှိစေသော ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ၏ အရည်အသွေးနှင့် အဆင့်အတန်းသည် တိုးမြင့်လာပြီး ဒေသတွင်းနှင့် ကမ္ဘာ့ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး အတွက် အကျိုးပြုမှုသစ်များကို စွမ်းဆောင်ကြမည် ဖြစ်ပါသည်။