ထိုင်ဝမ်ကျွန်းပတ်လည် စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်သီးခြားတည်ရှိရေး ခွဲထွက်ရေး အင်အားနှင့် ပြင်ပအင်အား၏ ပူးပေါင်းရန်စမှုအပေါ် ပြင်းထန်စွာ သတိပေး

(GMT+08:00)2023-04-11 15:00:46  

ဧပြီလ ၁၀ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ယခုအကြိမ် ထိုင်ဝမ်ကျွန်း ပတ်လည် ရဲကင်းလှည့်မှုနှင့် စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်သီးခြားတည်ရှိရေး ခွဲထွက်ရေး အင်အားနှင့် ပြင်ပအင်အား၏ ပူးပေါင်းရန်စမှုအပေါ် ပြင်းထန်စွာ သတိပေးချက် ဖြစ် ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ် ထိန်းသိမ်းရန် မရှိမဖြစ် လိုအပ်သော လှုပ်ရှားမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က Tsai Ing-wen သည် အမေရိကန်နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက ၄င်းမှာ အမေရိကန်-ထိုင်ဝမ် အချိတ်အဆက်ပြုခြင်းသည် ပြင်းထန်သည့် မှားယွင်းသော လုပ်ရပ် ဖြစ်သည်၊ တရုတ်နိုင်ငံအနေဖြင့် ပြတ်သားထိရောက်သော လုပ်ဆောင်မှုဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်သည်ဟု ပြောပြားခဲ့ကြောင်း  ထပ်လောင်း ပြောကြား ခဲ့ပါသည်။