“တရုတ်လူကောင်း” လီဖေရှင်

(GMT+08:00)2023-04-11 15:03:34  

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ရှန်းတောင် ရှုခင်းသာနေရာမှာ အထူး သန့်ရှင်းရေးသမားတွေ ရှိပါတယ်။ သူတို့ဟာ တောင်ကမ်းပါးတွေအောက် ကြိုးချကာ အတက်အဆင်းပြုလုပ်၍ အမှိုက်များ ရှင်းလင်းကြပါတယ်။ သူတို့ထဲမှာ လီဖေရှင်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ကျော်အတွင်း လီဖေရှင်က သန့်ရှင်းရေး လုပ်ဖို့အတွက် တောင်ကမ်းပါးတွေအောက် ချခဲ့တဲ့ ကြိုးအရှည်စုစုပေါင်း ကီလိုမီတာ ၁၈၀၀ တောင် ရှိပါပြီ။ လီဖေရှင်က အမှိုက်များကို ရှင်းလင်းတဲ့အပြင် မကြာခဏ ဆိုသလို ခရီးသွားများရဲ့ မတော်တဆ တောင်ကမ်းပါး အောက်သို့ ကျသွားတဲ့ ပစ္စည်းတွေကိုလည်း ကူညီ ကောက်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သူဟာ “တရုတ်လူကောင်း” ဂုဏ်ထူးဆု ကို ရရှိခဲ့ပါတယ်။