ရှီကျင့်ဖိန်သည် ကွမ်တုန်းပြည်နယ်တွင် ကွင်းဆင်းလေ့လာ

(GMT+08:00)2023-04-11 21:47:12  

    ယခုလ ၁၀ရက်နေ့တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကွမ်တုန်းပြည်နယ်သို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။ ၄င်းသည် ကျန့်ကျန်းမြို့သို့ အရင် ရောက်ရှိပြီး ဒေသခံ ပင်လယ် တံငါလုပ်ငန်း၊ ဒီရေတော ထိန်းသိမ်းကာကွယ်မှု တိုးမြှင့်  ရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံ၏ အပြန်အလှန် ဆက်ဆံမှု အဆင့်အတန်း တိုးမြှင့်  ရေး၊ ကွမ်တုန်းပြည်နယ်နှင့် ဟိုင်နန်ပြည်နယ် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး၊ ရေအရင်းအမြစ် တရား နည်းလမ်းကျစွာ စီစဉ်ထားခြင်းစသည့် အကြောင်းအရာများကို သိရှိရန် ကြည့်ရှုလေ့လာခဲ့ပါသည်။