အမေရိကန်၌ သေနတ်ဆိုင်ရာအကြမ်းဖက်မှု ပြင်းထန်ဆိုးဝါးနေ ပြီး ယခုနှစ် ပထမရက်ပေါင်း(၁၀၀) အတွင်း သေနတ်ဆိုင်ရာမှုခင်းများကြောင့် လူတစ်သောင်းကျော် သေဆုံး

(GMT+08:00)2023-04-11 15:06:33  

၂၀၂၃ခုနှစ် ဧပြီလ ၁၀ရက်နေ့အထိ ပထမရက်ပေါင်း(၁၀၀)အတွင်း အမေရိကန်၌ သေနတ်ဆိုင်ရာ မှုခင်းများကြောင့် သေဆုံးသူဦးရေ လူ ပေါင်း(၁၁၅၀၀)ကျော်ရှိပြီး (၈၈၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် သေနတ်ဆိုင်ရာအကြမ်းဖက်မှု ဝက်ဘဆိုက်၏ စာရင်းအရ သိရပါသည်။

အမေရိကန်သည် တစ်ကမ္ဘာလုံးတွင် သေနတ်ဆိုင်ရာအကြမ်းဖက်မှု အပြင်းထန်ဆုံး သော နိုင်ငံဖြစ်ကြောင်း၊ သေနတ်ပစ်ခတ်မှု ကြိမ်ဖန်များစွာ ဖြစ်ပွားသောကြောင့် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေး ဖြစ်သော အသက်ရှင်သန်ခွင့်ကို ပြင်းထန်စွာ ကျူးကျော်ထိပါးနေကြောင်း သိရှိရပါသည်။