တတိယအကြိမ် တရုတ်နိုင်ငံတကာ လူသုံးကုန် ကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00)2023-04-10 16:45:30  

တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ လူသုံးကုန် ကုန်စည်ပြပွဲကို ဧပြီလ ၁၀ ရက်နေ့တွင် ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၌ ဖွင့်လှစ်မည်ဖြစ်သည်။ ယခုနှစ် လူသုံးကုန် ကုန်စည်ပြပွဲသည် ပြပွဲဧရိယာနှင့် ပါဝင်သည့် အမှတ်တံဆိပ်နှစ်ခုလုံးတွင် အရင် ကျင်းပ ပြီးစီးခဲ့သည့် နှစ်ကြိမ်ကထက် များစွာတိုးမြင့်လာပါသည်။ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်က ကုမ္ပဏီအသီးသီးနှင့် လုပ်ငန်းအသင်းအဖွဲ့များသည်လည်း ကုန်စည်ပြပွဲတွင် တက်ကြွစွာပါဝင်ပြီး ယင်းပလက်ဖောင်းကို အသုံးပြု၍ ပြည်တွင်းပြည်ပ ကုန်သည်များနှင့် ကူးလူးဖလှယ်ပြီး အကျိုးတူခံစားနိုင်ရန် ကြိုးစားနေကြပါသည်။