တရုတ်ကွမ်ရှီးတွင် ပင်လယ်ဖြတ်ကျော် ခိုးဝင်မှုကြီးတစ်ခုကို ဖြိုခွင်း ၊ ၁၀၈ ဦး အဖမ်းခံရ၊

(GMT+08:00)2023-04-10 16:51:03  

 ယခုလ ၈ ရက်နေ့က တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး စီမံအုပ်ချုပ်မှုဌာန ကွမ်ရှီး အဝင် အထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှသတင်းအရ  ဖန်ချင်ကောင် နယ်စပ် စီမံအုပ်ချုပ်ရေးတပ်ခွဲသည် အလွန် ကြီးမားသော နယ်စပ်ဖြတ်ကျော် ခိုးဝင်မှု ဂိုဏ်းတစ်ခုကို ဖြိုခွင်းခဲ့ပါသည်။ ဒါ့အပြင် သံသယရှိသူ ၁၀၈ ဦးကိုလည်း ဖမ်းဆီးခဲ့ကာ ၄င်းသည် တရုတ်လူမျိုးကိုစုစည်းပြီး ပင်လယ်ပြင်မှ တရားမဝင်ဖြတ်ကျော်ကာ ရာဇဝတ်မှု ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ရန် ခိုးဝင်မှုကွင်းဆက်ကို တားမြစ်ခဲ့ကြောင်း သိရပါသည်။