အဘာထိုနီခရုပေါက်လေးများကို မွေးမြူသည့် ရာသီ ရောက်လာ

(GMT+08:00)2023-04-10 16:47:10  

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင်မှ မွေးမြူရေးသမား ၆၀၀ နီးပါးသည် အဘာထိုနီခရုပေါက်လေးများကို လှောင်အိမ်များတွင် ထည့်ပြီး ပင်လယ်ထဲတွင် ချိတ်ဆွဲ မွေးမြူထားခဲ့ကြပါသည်။ လျန်ကျန်းခရိုင်သည် တရုတ်နိုင်ငံ၏ “အဘာထိုနီခရု အဓိကမွေးမြူရေးဒေသ” ဖြစ်ပါသည်။ ရှကုန်းမြို့နယ် စုံးလူ ပင်လယ်အော်ရှိ ပင်လယ်ရပ်ဝန်းသည် ယင်းခရိုင်၏ အရည်အသွေး ကောင်းမွန်သော အဘာထိုနီခရုအဓိက မွေးမြူ သော ဒေသဖြစ်ကာ ခရိုင်တစ်ခုလုံး၏ စုစုပေါင်း အဘာထိုနီခရုထုတ်လုပ်မှု ပမာဏ၏ ၄၀ ရာခိုင်နှုန်း ဖြစ်ပါသည်။