Qintong လှေလှော် ပွဲကို တရုတ်ကျန်းဆူ ထိုက်ကျိုးတွင် ကျင်းပ

(GMT+08:00)2023-04-10 16:46:14  

ဧပြီလ ၈ရက်နေ့က နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော Qintong လှေလှော်ပွဲ(Qintong Boat Festival)ကို တရုတ်နိုင်ငံ ကျန်းဆူပြည်နယ် ထိုက်ကျိုးမြို့တွင် ကျင်းပခဲ့ပါသည်။ Qinhu ရေကန်ပေါ်တွင် ထောင်ပေါင်းများစွာသော လှေများ အတူရွက်လွှင့်ပြီး ရှေ့သို့ချီတက်နေသော အံ့ဖွယ်မြင်ကွင်းကို တွေ့မြင်နိုင်ပါသည်။

လှေလှော်စုစည်းပြသပွဲတွင် စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံး အစိတ်အပိုင်းမှာ ကြီးကျယ်ခမ်းနားသော လှေလှော်ပြိုင်ပွဲ ပင် ဖြစ်ပါသည်။ မောင်းသံတညံညံနှင့် လှေလှော် သူများသည် တညီတညွတ်တည်း အော်ဟစ်ပြီး တစ်ကိုယ်လုံးရှိ ခွန်အားကို ထုတ်ကာ ရွက်လွှင့်ကြ ပါသည်။ လှေများသည် နဂါးများ ပင်လယ်ထွက်သကဲ့သို့ ရှေ့သို့ ချီတက်ကြပါသည်။