ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၂၀၀ ကျော် မြင့်သည့် ဒေသတွင် တင့်ကား ဖျက်ဒုံးကျည် ပစ်လွှတ်

(GMT+08:00)2023-04-10 16:51:53  

ယခုရက်များက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၂၀၀ ကျော် မြင့်သော ကုန်းပြင်မြင့်ဒေသတွင် သံချပ်ကာကားပေါ် တပ်ဆင်ထားသည့် တင့်ကားဖျက်ဒုံးကျည် ကျည်ဆန်အစစ်ဖြင့် ပစ်ခတ် လေ့ကျင့်မှုတစ်ရပ်ကို ဆောင်ရွက်လျက်ရှိသည်ဟု သတင်းအရသိရပါသည်။

ယခုအကြိမ် ပစ်ခတ်လေ့ကျင့်မှုတွင် လျင်မြန်စွာ တိုက်ခိုက်မှုနှင့် ဆက် သွယ်ရေးကွပ်ကဲမှု စသည့် ဘာသာရပ်များကို အဓိကအားဖြင့် ဆောင်ရွက်ပြီး၊ ရည်ရွယ် ချက်မှာ ကုန်းပြင်မြင့်ဒေသများတွင် သံချပ်ကာကားပေါ် တပ်ဆင်ထားသော တင့်ကားဖျက် ဒုံးကျည်များ၏ ဖျက်ဆီးနိုင်စွမ်းထိရောက်မှုဒေတာများကို စုဆောင်းစစ်ဆေးရန် ဖြစ်သည်ဟု သတင်း အရ သိရပါသည်။