Sayramရေကန်တွင် အပြာရောင် “မျက်ရည်” ပုံသဏ္ဍာန် ပေါ်လာ

(GMT+08:00)2023-04-09 13:28:13  

    ဧပြီလတွင် အပူချိန်ဆက်လက်မြင့်တက်နေသဖြင့် တရုတ်ပြည် ရှင်းကျန်းရှိ Sayramရေကန်၏ လပေါင်းများစွာ အေးခဲနေသော ရေမျက်နှာပြင်သည် တဖြည်းဖြည်း အရည်ပျော်သွားပါသည်။ ကန်ရေတွင် သတ္တုဓာတ်များပါသောကြောင့် ရေခဲမျက်နှာပြင်တွင် ထူးခြားသော အပြာနုရောင်ကို မြင်တွေ့ရသည်။ ခရီးသွားရာသီမဟုတ်သော်လည်း နေ့စဉ်လာရောက်လည်ပတ်ရန် ထောင်နှင့်ချီသော ခရီးသွားများကို ဆွဲဆောင်နေဆဲဖြစ်သည်။