စီချွမ်းပြည်နယ် ချုံကျိုး Tianyan ပြတိုက်

(GMT+08:00)2023-04-09 13:27:49  

တရုတ်ပြည် စီချွမ်းပြည်နယ် ချုံကျိုးမြို့ Tianyan ပြတိုက်သည် အမျိုးသား ဒုတိယ အဆင့် ပြတိုက်ဖြစ်ပြီး ပြခန်းနေရာများ၏ အကျယ်အဝန်းမှာ ၁၀၆၄၉ စတုရန်း မီတာ ရှိပါသည်။ ပြတိုက်တွင် ကျောက်ဖြစ်ရုပ်ကြွင်း၊ ကျောက်ဆောင်နှင့် သတ္တုပစ္စည်း နမူနာ ၁သိန်းနီးပါးကို ပြသထားပါသည်။ Tianyan ပြတိုက်၏ အဖိုးတန် စုဆောင်းမှုများသည် သက်တမ်း နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ ရှိပြီး နမူနာ မျိုးစုံရှိကာ နမူနာများ၏ ပြင်ပ သဏ္ဍာန် ကောင်းမွန်၍ အများစုမှာ တရုတ်နိုင်ငံတွင် အလွန် ရှားပါးပါသည်။