၂၀၂၃ခုနှစ် ရှင်းကျန်းယဉ်ကျေးမှု ခရီးသွားလာရေးလုပ်ငန်းကုန်သွယ်မှုကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00)2023-04-09 13:27:01  

ဧပြီလ၈ရက်နေ့က ရှင်ကျန်းUrumqiမြို့၌ "ပိုးလမ်းမနှင့်ချိန်းထားပြီး ရှင်းကျန်းတွင်နွေဦးရှုခင်းခံစားကြ" ဆောင်ပုဒ်ဖြင့် ၂၀၂၃ခုနှစ်ရှင်ကျန်းယဉ်ကျေးမှုခရီးသွားလာရေးလုပ်ငန်းကုန်သွယ်မှု ကုန်စည်ပြပွဲနှင့် စတုတ္တအကြိမ်ရှင်းကျန်းနွေဦးရာသီခရီးသွားလာရေးကုန်စည်ပြပွဲကို ရှင်းကျန်းနိုင်ငံတကာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ဖွင့်လှစ်ခဲ့သည်။ မိတ်ဆက်ချက်အရ ယခုအကြိမ် ခရီးသွားလာရေးကုန်စည်ပြပွဲသည် ယဉ်ကျေးမှုခရီးသွားသုံးပစ္စည်းများနှင့် ခရီးသွားကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများ၊ ခရီးသွားအေဂျင်စီများနှင့် ဟိုတယ်များအပါအဝင် ရှင်ကျန်းနှင့်အခြားပြည်နယ်ဒေသများမှ လုပ်ငန်းပေါင်း ၂၆၀ ကျော်ကို လာရောက် ပါဝင်ရန် ဆွဲဆောင်ခဲ့သည်။