ဆော်ဒီအာရေဗျ လုပ်ငန်းအဖွဲ့သည် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ ပြန်လည်ဖွင့်လှစ်ရေး ကိစ္စ ဆွေးနွေးရန် အီရန်သို့ ရောက်ရှိ

(GMT+08:00)2023-04-09 13:26:37  

ဒေသစံတော်ချိန် ယခုလ ၈ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာနမှ စေလွှတ်သော လုပ်ငန်းအဖွဲ့သည် အီရန်နိုင်ငံ တီဟီရန်မြို့တော်သို့ ရောက်ရှိခဲ့ပါသည်။ ထိုနေ့တွင်ပင် လုပ်ငန်းအဖွဲ့ ဝန်ထမ်းများသည် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ ပြန်လည် ဖွင့်လှစ်ရေးကိစ္စနှင့် စပ်လျဉ်း၍ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ဆက်ဆံရေး အရာရှိများနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ အီရန်မှ ဆော်ဒီဘက်အား ဧည့်ခံခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ဆော်ဒီဘက်က ဖော်ပြသကဲ့သို့၊ အီရန်တွင် အလုပ်လုပ်ဖို့အတွက် ဆော်ဒီဘက်အား လိုအပ်သော အဆင်ပြေမှုမှန်သမျှကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အီရန်အရာရှိက အလေးထားပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။