BRICS နိုင်ငံများ ခေါင်းဆောင်အားလုံးတို့သည် ၂၀၂၃ခုနှစ် BRICS ထိပ်သီးများ အစည်းအဝေးသို့ တက်ရောက်ကြမည်ဟု တောင်အာဖရိက အရာရှိ ဆို

(GMT+08:00)2023-04-09 13:26:16  

BRICS နိုင်ငံများမှ ခေါင်းဆောင်အားလုံးတို့သည် လာမည့် သြဂုတ်လ တောင်အာဖရိက နိုင်ငံတွင် ကျင်းပမည့် BRICS ထိပ်သီးများအစည်းအဝေးသို့ တက်ရောက်ကြမည်ဟု အတည်ပြုလိုက်ကြောင်း ဒေသစံတော်ချိန် ဧပြီလ ၈ ရက်နေ့က တောင်အာဖရိကနိုင်ငံ အာရှနှင့် BRICS ရေးရာ အထူးသံတမန် Sukral က ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

ပူတင်သည် တောင်အာဖရိကနိုင်ငံ သမ္မတ Ramaphosa မှ ဖိတ်ကြားချက်ကို လက်ခံရရှိပြီး ငြင်းဆိုရန် သဘောမရှိကြောင်း Sukral က ပြောကြားခဲ့သည်ဟု သတင်း အရသိရပါသည်။