၂၀၂၃ခုနှစ် အိမ်မွေးတိရစ္ဆာန်ကုန်စည်ပြပွဲကို ကနေဒါတွင် ကျင်းပ

(GMT+08:00)2023-04-09 13:27:27  

    ဒေသစံတော်ချိန် ဧပြီလ ၇ ရက်နေ့က ၂၀၂၃ခုနှစ် နွေဦးရာသီ အိမ်မွေးတိရစ္ဆာန်ကုန်စည်ပြပွဲကို ကနေဒါနိုင်ငံ တိုရွန်ကိုမြို့တွင် စတင်ကျင်းပခဲ့ပါသည်။ ယခုအကြိမ်ပြပွဲကို ၃ ရက်ကြာကျင်းပမည်ဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်ဖျော်ဖြေပွဲများ၊ ပြိုင်ပွဲများ၊ အိမ်မွေးတိရိစ္ဆာန် ချစ်သူများ ဖလှယ်ရေး လှုပ်ရှားမှုများ ကျင်းပမည့်အပြင် အိမ်မွေးတိရစ္ဆာန်နှင့် ပတ်သက်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကိုလည်း ရောင်းချပြသထားမည်ဖြစ်ပါသည်။