မလေးရှား ဝန်ကြီးချုပ်သည် CMG“LEADERS TALK”မှ သီးသန့်အင်တာဗျူးကို ဖြေကြား

(GMT+08:00)2023-04-08 15:18:47  

    မကြာခင်က မလေးရှား ဝန်ကြီးချုပ် Anwar bin Ibrahimက တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် လှည့်လည်ခဲ့သည့် ပထမဆုံး အကြိမ် တရုတ်ပြည်ခရီးစဉ်၌ China Media Group၏ LEADERS TALK အစီအစဉ်မှ သီးသန့်အင်တာဗျူးကို ဖြေကြားရာတွင် မလေးရှား-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရန် မျှော်လင့်ကြောင်း၊ မိမိသည် ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်းကို အာရုံစူးစိုက်ကြောင်း၊ တရုတ်ပြည်၏ ဆင်းရဲမှု ပပျောက်စေရေး အောင်မြင်မှုသည် သမိုင်းမှာ မကြုံစဖူး ကြီးမားလှသည်ဟု မိမိယူဆကြောင်း၊ ကမ္ဘာ့ ယဉ်ကျေးမှု အဆိုပြုချက်ကို ချီးကျူးကြောင်း၊ ကမ္ဘာ့ နိုင်ငံများသည် လူသား မိသားစုကြီး တစ်ခု ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ ပြဿနာကို နိုင်ငံရေး အဖြစ် လုပ်ဆောင်ရန် ဆန့်ကျင်ကြောင်း၊ သိပ္ပံနည်းပညာ တိုးတက်မှုသည် ခြိမ်းခြောက်မှု မဟုတ်သလို အခြားသူများကို ထိန်းချုပ်သော နည်းလမ်း မဟုတ်ဟုလည်း မိမိယူဆကြောင်း ပြောကြားပါသည်။