Tsai Ing-wenနှင့် Kevin McCarthy အတွင်းကျိတ် သဘောယုတ် ကိုယ်စီထားရှိ

(GMT+08:00)2023-04-08 15:28:17  

ဒေသ စံတော်ချိန် ယခုလ ၅ရက်နေ့က ထိုင်ဝမ် ဒေသ ခေါင်းဆောင် Tsai Ing-wenသည် နယ်စပ်ဖြတ်ကျော်ရာ အမေရိကန်သို့ “ခရီးလှည့်လည်”ရာတွင် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthyနှင့် တွေ့ဆုံခဲ့ပါသည်။ တစ်ဖက်က အမေရိကန်ကို အားကိုးပြီး ထိုင်ဝမ် သီးခြား လွတ်လပ်ရေးကို ရှာကြံသည့် Tsai Ing-wen ဖြစ်ပါသည်။ နောက်တစ်ဖက်က ထိုင်ဝမ်ကို အသုံးပြုပြီး တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရန် ကြံစည်သည့် “တရုတ်ပြည် ဆန့်ကျင်ရေး ရှေ့ပြေးတပ်ဦး” Kevin McCarthy ဖြစ်ပါသည်။ ၂ဦးတို့၏ တွေ့ဆုံမှုသည် အပြန်အလှန် ချိတ်ဆက်ပြီး နိုင်ငံရေး အမြတ်ထုတ်ယူသော အပေးအယူ လုပ်ခြင်းပင် ဖြစ်ပါသည်။