ဂျပန်နိုင်ငံတွင် ရဟတ်ယာဉ်တစ်စီး ပင်လယ်ထဲသို့ ပျက်ကျကာ လူ ၁၀ ဦး ပျောက်ဆုံး

(GMT+08:00)2023-04-07 16:42:10  

ဧပြီလ ၆ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံ ကုန်းတွင်း ကာကွယ်ရေးတပ်မှ ရဟတ်ယာဉ်တစ်စီးသည် Okinawa ပြည်နယ် Miyako Island အနီးတွင် ပျံသန်းစဉ် ရေဒါမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါသည်။ ထိုနေ့ညတွင် ဂျပန်နိုင်ငံ ကုန်းတွင်း ကာကွယ်ရေးတပ်သည် သတင်းစာရှင်းလင်းပွဲကို ကျင်းပရာတွင် အဆိုပါ ရဟတ်ယာဉ်သည် လေကြောင်း ကင်းထောက်မှုကို ဆောင်ရွက်နေစဉ် ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိ ယင်း ရဟတ်ယာဉ်အပျက်အစီးအချို့ကို ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ပြီဖြစ်သောကြောင့် ၄င်းဖြစ်ရပ်သည် လေကြောင်းမတော်တဆမှုဖြစ်သည်ကို အတည်ပြုခဲ့ကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါ ပျက်ကျသွားသည့် ရဟတ်ယာဉ်ပေါ်တွင် လူ ၁၀ဦး ပါရှိပြီး လက်ရှိတွင် ၄င်း ၁၀ ဦး စလုံး ပျောက်ဆုံးနေဆဲဖြစ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိနေသေး ကြောင်း သက်ဆိုင်ရာ သတင်းအရ သိရပါသည်။