တရုတ်-ကမ္ဘောဒီးယားပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး

(GMT+08:00)2023-04-07 16:42:41  

 တရုတ်-ကမ္ဘောဒီးယား "Golden Dragon-2023" ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဧပြီလ၅ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ Kampong Chhnang ပြည်နယ်ရှိ Chomley Lishan ဘုရင့်တပ် လေ့ကျင့်ရေးစခန်းတွင်  အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း၊ တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံမှ တပ်ဖွဲ့များသည် "အရေးကြီးလှုပ်ရှားမှုများ လုံခြုံမှု ထိန်းသိမ်းရေးနှင့် လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး" ဆောင်ပုဒ်ဖြင့် ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းChina Media Groupမှ သတင်းအရသိရပါသည်။