ဂျပန်၌ ကြက်ငှက်အမြောက်အမြားကို သုတ်သင်ပြီး မြှုပ်နှံရာတွင် အခက်အခဲနှင့် ကြုံတွေ့

(GMT+08:00)2023-04-07 16:41:15  

ဂျပန်နိုင်ငံသည် အဆိုးရွားဆုံး ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ရင်ဆိုင်နေရပြီး ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှင့် ရေအရင်းအမြစ် ညစ်ညမ်းမှုကို ကာကွယ်ရန်အတွက် ရောဂါပိုးရှိသည့် ကြက်ငှက်များကို သုတ်သင်ပြီး သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်း နေရကြောင်း၊ ပုံမှန်ဆိုလျှင် ဂျပန်အစိုးရဌာနသည် သုတ်သင်ထားသောကြက်ငှက်များကို ဖြေရှင်းရန် စီမံကိန်းကို ကြိုတင်သတ်မှတ်တတ်သော်လည်း ယခုနှစ် ကြက်ငှက်တုပ်ကွေးအခြေအနေ ပြင်းထန်ပြီး သုတ်သင်ရသောကြက်ငှက်ကောင်ရေ များလွန်းနေသည့် အတွက် ဂျပန် ဒေသများစွာမှ အစိုးရဌာနနှင့်လယ်သမားများက သုတ်သင်ခဲ့ရသော ကြက်ငှက်များကို မြှုပ်နှံရန် သင့်လျော်သောမြေပြင်ကို ရှာဖို့ ခက်ခဲသည်ဟု ပြောကြား ကြကြောင်း၊ အချို့ဒေသများတွင် မီးရှို့သည့်နည်းလမ်းဖြင့် ဖြေရှင်းနေသည်ဟု သိရကြောင်း ဧပြီလ ၅ရက်နေ့က Bloomberg သတင်းအရ သိရပါသည်။