တရုတ်နှင့် ပြင်သစ်တို့သည် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် ပန်ကြားလို

(GMT+08:00)2023-04-07 16:40:45  

ဧပြီလ ၆ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဦးနှစ်ဖက်တို့သည် သတင်းထောက် များနှင့် တွေ့ဆုံခဲ့ကြပါသည်။

သမ္မတ ရှီကျင့်ဖိန် က ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တွန်းအားပေးပြီး နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် စွဲကိုင်ထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ ဆင်ခြင်မှုနှင့် ချုပ်တည်းမှုကို ထိန်းသိမ်းထားပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထား မှု ဥပဒေကို တင်းကျပ်စွာ လိုက်နာရန်၊ နျူကလီးယားလက်နက် သုံး၍မရ၊ နျူကလီးယား တိုက်ပွဲ ဆင်နွှဲ၍မရ ဟူသော လေးနက်သည့် ကတိပြုချက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲကို အလျင်အမြန် ပြန်လည် ကျင်းပပြီး နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းကာ ဥရောပတိုက်လုံခြုံရေးမူဘောင်ကို တည်ဆောက်ရန်၊ ယူကရိန်းအကျပ်အတည်းကြောင့် စားနပ်ရိက္ခာ၊ စွမ်းအင်၊ ငွေရေး ကြေးရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်နယ်ပယ်များတွင် ထိခိုက်မှုများကို ပူးပေါင်း ဆောင်ရွက်ပြီး ရင်ဆိုင်ကျော်လွှားရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ပန်ကြားလိုကြောင်း ပြောကြားခဲ့ပါသည်။