ထိုင်ဝမ်ရေလက်ကြား၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် ပူးတွဲကင်းလှည့်စစ်ဆေးရေး အထူးဆောင်ရွက်မှု ကို စတင်ပြုလုပ်

(GMT+08:00)2023-04-06 13:37:28  

ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် ထိုင်ဝမ် ရေလက်ကြား ကင်းလှည့် ကယ်ဆယ်ရေး သင်္ဘောကြီး "Haixun 06" ဦးဆောင်သော အဏ္ဏဝါ ဥပဒေ စိုးမိုးရေး သင်္ဘောအုပ်စုသည် အလယ်ပိုင်းရှိ ဖူကျန့်ပြည်နယ် အဏ္ဏဝါရေးရာ ဦးစီးဌာန ပင်တန် အဏ္ဏဝါ ကြီးကြပ်ကွပ်ကဲရေးအခြေစိုက်စခန်းမှ ထွက်ခွာသွားပြီး ထိုင်ဝမ်ရေလက်ကြား အလယ်ပိုင်း နှင့် မြောက်ပိုင်းဒေသတွင် ၃ ရက်ကြာ အထူး ပူးတွဲကင်းလှည့်စစ်ဆေးရေး လုပ်ငန်းများကို စတင်ခဲ့ပါသည်။ ကင်းလှည့်စစ်ဆင်ရေးအတွင်း အဏ္ဏဝါ တရားဥပဒေစိုးမိုးရေးအရာရှိများသည် သင်္ဘောများ ဘေးကင်းစေရန်နှင့် အဓိက ပင်လယ်ပြင် စီမံကိန်းများ စနစ်တကျ ဘေးကင်းစွာ လုပ်ဆောင်နိုင်ရန်အတွက် ရေလက်ကြား နှစ်ဖက်ကမ်း အကြား တိုက်ရိုက် ကုန်တင်သင်္ဘောများနှင့် ဆောက်လုပ်ရေးသင်္ဘောများကို စစ်ဆေးမည် ဖြစ်ပါသည်။