အမေရိကန်မှ ယူကရိန်းအား စစ်ရေးထောက်ပံ့မှုအသုတ်သစ်ကို တင်ပေးမည်

(GMT+08:00)2023-04-06 13:35:16  

အမေရိကန်သည် ယူကရိန်းအား အမေရိကန်ဒေါ်လာ (၂.၆)ဘီလီယံ တန်ဖိုးရှိသော စစ်ရေးထောက်ပံ့မှုအသုတ်သစ်ကို တင်ပေးမည်ဟု အမေရိကန် နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလ ၄ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ယင်းအပေါ် အမေရိကန်ဆိုင်ရာ ရုရှားနိုင်ငံသံရုံးက အမေရိကန်၏လုပ်ရပ်သည် ရုရှား-ယူကရိန်း အချင်းပွားမှုအချိန်ကို  တိုးစေပြီး ယူကရိန်း အနေဖြင့် ရုရှားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သော ရေရှည် မြစ်ဖျား ခံရာအဖြစ် ပြောင်းလဲစေရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့ ပါသည်။

ယခုအကြိမ် ယူကရိန်းအား တင်ပေးမည့် အမေရိကန်ဒေါ်လာ (၂.၆)ဘီလီယံ တန်ဖိုး ရှိသော စစ်ရေးထောက်ပံ့မှုအနက် Patriot လေယာဉ်ပစ် ဒုံးကျည် စနစ် အပါအဝင် အမေရိကန်ဒေါ်လာ (၅)ဘီလီယံကို အမေရိကန် နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနမှ တိုက်ရိုက်တင်ပေးမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်အရ သိရပါသည်။