အမေရိကန်နှင့် ထိုင်ဝမ်တို့၏ “နိုင်ငံရေးရှိုး” သည် ပြတ်ပြတ်သားသား တုံ့ပြန်မှု ခံရပါမည်

(GMT+08:00)2023-04-06 11:10:07  

တရုတ် ထိုင်ဝမ်ဒေသမှ ခေါင်းဆောင် ဆိုက်ယဉ်ဝင်သည် ဧပြီလ ၆ ရက်နေ့တွင် အမေရိကန်သို့ ဖြတ်ကျော်စဉ် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ McCarthy နှင့်တွေ့ဆုံခဲ့ပါသည်။ ယင်းသည် လွန်ခဲ့သည့်နှစ်က Pelosi ၏ ထိုင်ဝမ် ခရီးစဉ်အပြီး အမေရိကန်နှင့် ထိုင်ဝမ်တို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့သည့် နောက်ထပ်တစ်ကြိမ် နိုင်ငံရေး ရန်စမှုပင် ဖြစ်သည်။ ယင်းလုပ်ရပ်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်းသုံးရပ်ပါ သတ်မှတ်ချက်များကို ပြင်းပြင်းထန်ထန် ဖောက်ဖျက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံရေးကို ပြင်းပြင်းထန်ထန် ထိခိုက်ကာ ထိုင်ဝမ် သီးခြားတည်ရှိရေး အင်အားစုအား ပြင်းထန်စွာ မှားယွင်းသောအချက်ကို ပြလိုက်ပါသည်။ ထိုင်ဝမ် မင်ကျင့်တန်ပါတီ အာဏာပိုင်အဖွဲ့က “အမေရိကန်ကို အားကိုးပြီး သီးခြားတည်ရှိရေးကို ရှာကြံခြင်း”နှင့် အမေရိကန်မှ နိုင်ငံရေး သမားအချို့က “ထိုင်ဝမ်ကို အသုံးပြုပြီး တရုတ်နိုင်ငံအား ဟန့်တားရန် ရှာကြံခြင်း”သည် ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာလာမှု၏ အကြောင်းရင်းပင် ဖြစ်ပါသည်။

တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် ၁၉၇၁ ခုနှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ မှ အတည်ပြုခြင်း ခံရတာ ဖြစ်ပြီး မျက်မှောက် အချိန်တွင် အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးမှ နိုင်ငံ ၁၈၂ နိုင်ငံက တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူ အခြေခံပေါ်တွင် တရုတ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေးကို ထားရှိကြပါသည်။

အမေရိကန်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူ အပေါ် တည်ကြည်လေးနက်သော ကတိပြုချက် ရှိပါသည်။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန် ခဲ့သည့် တရုတ်နှင့် အမေရိကန် သံတမန်ရေး ဆက်ဆံမှု ထားရှိရေး ပြန်တမ်းတွင် အမေရိကန် အစိုးရက တရုတ်ပြည်တစ်ပြည်တည်းသာရှိခြင်းနှင့် ထိုင်ဝမ်က တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခြင်းကို အသိအမှတ် ပြုကြောင်း ကြေညာထားပါသည်။

အမေရိကန်နှင့် ထိုင်ဝမ်တို့ “နိုင်ငံရေးရှိုး” ကို မည်သို့ပင်လုပ်လုပ် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ် ဖြစ်သည့် အဖြစ်မှန်ကို ပြောင်းလဲနိုင်မည် မဟုတ်သည့်အပြင် တရုတ်နိုင်ငံ၏ တစ်ပေါင်းတစ်စည်း ဖြစ်ရေး သမိုင်းရေစီးကြောင်းကို တားမြစ်နိုင်မည်လည်း မဟုတ်ကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါသည်။