ကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthyနှင့် Tsai Ing-wen တွေ့ဆုံခြင်းနှင့်ပတ်သက်၍ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နိုင်ငံခြားရေးရာ ကော်မတီမှ ကြေညာချက် ထုတ်ပြန်

(GMT+08:00)2023-04-06 13:30:44  

ယခုလ ၆ရက်နေ့က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthyက အမေရိကန်တွင် ထိုင်ဝမ်ဒေသ ခေါင်းဆောင် Tsai Ing-wenနှင့် တွေ့ဆုံခြင်းနှင့် ပတ်သက်၍ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နိုင်ငံခြားရေးရာ ကော်မတီမှ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

၎င်းကြေညာချက်တွင် ယင်းတွေ့ဆုံခြင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲ ပြန်တမ်း ၃ရပ်ပါ သတ်မှတ်ချက်များကို ဆိုးရွားစွာ ကျောခိုင်းခြင်း ဖြစ်ပြီး နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို ဆိုးရွားစွာ ဖောက်ဖျက်ခြင်း ဖြစ်ကာ တရုတ်ပြည်၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို ဆိုးရွားစွာ ထိခိုက်စေခြင်း ဖြစ်ကြောင်း၊ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်သည် ယင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြပါသည်။