တရုတ်နှင့် ကမ္ဘောဒီးယား “ရွှေနဂါး-၂၀၂၃” ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2023-04-06 14:27:04  

   ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နှင့် ကမ္ဘောဒီးယား “ရွှေနဂါး-၂၀၂၃” ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီးယား ဘုရင့်တပ်၏ လေ့ကျင့်ရေးစခန်း တစ်ခု၌ ပြုလုပ်ခဲ့ပါသည်။

   စစ်ရေးလေ့ကျင့်မှုကို “အရေးကြီး လှုပ်ရှားမှုများ၏ လုံခြုံမှု ထိန်းသိမ်းရေးနှင့် လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး” ဆောင်ပုဒ်ကို ဝိုင်းဝန်းပြီး ပြုလုပ်ခြင်း ဖြစ်ကာ အခြေအနေ ထိန်းချုပ်ခြင်း၊ အရေးပေါ် တုံ့ပြန်ခြင်း၊ လိုက်လံ တိုက်ဖျက်ခြင်း စသည့် လက်တွေ့ကျတဲ့  လေ့ကျင့်မှု ဆယ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။