ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန်နှင့် တွေ့ဆုံ

(GMT+08:00)2023-04-06 16:54:46  

ဧပြီလ ၆ ရက်နေ့ ညနေပိုင်းကတရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံကိုတရားဝင် ခရီးလှည့်လည်လာသော ပြင်သစ် သမ္မတမက်ခရွန်နှင့် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီးမှာတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ရှီကျင့်ဖိန်ကနှစ်ဖက်တို့၏ လက်တွဲ ကြိုးပမ်းမှုဖြင့် တရုတ်နှင့် ပြင်သစ် ဆက်ဆံရေးသည် တက်ကြွ တည်ငြိမ်စွာတိုးတက်လာကြောင်း၊ နှစ်ဖက်အကြားကုန်သွယ်မှု ပမာဏမှာအသင့်အတင့် လျင်မြန်စွာ တိုးတက်လာပြီးလေကြောင်းနှင့် အာကာသလုပ်ငန်း၊ လယ်ထွက်ကုန်များစသည့် နယ်ပယ်များပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသည့် အောင်မြင်မှုများရရှိပါကြောင်း၊ နှစ်နိုင်ငံတို့သည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး၊ အာဖရိကဖွံ့ဖြိုးတိုးတက်ရေးစသည့် အကြောင်းအရာများတွင် ရင်းနှီးစွာကူးလူးဖလှယ်၊ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်းပြောကြားပါသည်။

ရှီကျင့်ဖိန်ကသမ္မတမက်ခရွန်၏ ယခုအကြိမ် ခရီးစဉ်သည် တရုတ်နိုင်ငံ၏ နိုင်ငံခြားနှင့် ကူးလူးဆက်ဆံမှုများဘက်စုံ ပြန်လည် ဖွင့်လှစ်ပြီးNPC နှင့် CPPCCအစည်းအဝေးနှစ်ရပ် အောင်မြင်စွာကျင်းပခဲ့ပြီးနောက် ဥရောပနိုင်ငံမှ ထိပ်သီးခေါင်းဆောင် အနေဖြင့် ပထမဆုံးတရုတ်ပြည်ခရီးစဉ် ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် တရုတ်နှင့် ဥရောပဆက်ဆံမှု တိုးတက်ရေးအတွက်လည်းတွန်းအားသစ် ထည့်သွင်းပြီးအခြေအနေသစ်ကိုဆောင်ကြဉ်းပေးမည်ဟုယုံကြည်ပါကြောင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။