ထရန့် ရာဇ၀တ်မှုကိစ္စသည် အမေရိကန်ပါတီများအကြား တိုက်ခိုက်မှုနှင့် လူမှုရေးတကွဲတပြားဖြစ်မှု ပိုမိုဆိုးရွားသွားခြင်းကို ပြဆိုနေ

(GMT+08:00)2023-04-06 13:51:55  

အမေရိကန်သမ္မတဟောင်း ထရန့်သည် ယခုလ ၄ ရက်နေ့က နယူးယောက်မြို့ တရားရုံးတွင် ရုံးတက်ခဲ့ပြီး၊ အမေရိကန်သမိုင်းတွင် ပထမဆုံး ရာဇ၀တ်မှုကြောင့် တရားစွဲခံရသော သမ္မတဟောင်းဖြစ်လာခဲ့သည်ဟု သတင်းအရသိရပါသည်။

လူများအာရုံစိုက်နေကြသော ထရန့် ရာဇ၀တ်မှုကိစ္စသည် အမေရိကန်ပါတီများ အကြား တိုက်ခိုက်မှုနှင့် လူမှုရေး တကွဲတပြားဖြစ်မှု ပိုမိုဆိုးရွားသွားခြင်းကို ပြဆိုနေပြီး၊ ၂၀၂၄ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် မသေမချာမရေမရာများ တည့်သွားကြောင်း အမေရိကန်ပညာရှင်များနှင့် မီဒီယာများမှ ယူဆကြသည်ဟု သတင်းအရသိရပါ သည်။