Tsai Ing-wen သည် ကန်သို့ သွားရောက်လည်ပတ်ခြင်းနှင့် ပတ်သက်၍ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိန့်ခွန်းပြောကြား

(GMT+08:00)2023-04-06 13:32:53  

Tsai Ing-wen သည် အမေရိကန်နိုင်ငံသို့သွားရောက်လည်ပတ်ခြင်းနှင့်ပတ်သက်၍ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မိမိတို့အနေဖြင့် မည်သည့်ပုံစံ မဆိုဖြစ်သည့် အမေရိကန်-ထိုင်ဝမ် တရားဝင်ဆက်ဆံရေးကို ပြတ်ပြတ်သားသား ဆန့်ကျင် ကြောင်း၊ မည်သည့်အမည်နှင့် အကြောင်းပြချက်ဖြင့်မဆို အမေရိကန်နိုင်ငံသို့ ထိုင်ဝမ်ဒေသခေါင်းဆောင် သွားရောက်လည်ပတ်သည်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ အမေရိကန်နိုင်ငံ၏ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း၃ခုကို ချိုးဖောက်ပြီး ထိုင်ဝမ်မင်းကျင့်တန်ပါတီနှင့် မည်သည့်ပုံစံမဆိုဖြစ်သည့် ထိတွေ့ဆက်ဆံမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ အမေရိကန်နိုင်ငံအား ထိုင်ဝမ် အရေးကိစ္စပေါ်တွင် တည်ကြည်လေးနက်သော နိုင်ငံရေးကတိပြုချက်ကို လိုက်နာဆောင်ရွက်ရန်၊ တရုတ်နိုင်ငံ၏ ပြည်ထဲရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်စဲရန်၊ အမေရိကန်-ထိုင်ဝမ် တရားဝင်ဆက်ဆံမှုနှင့် အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေး မြှင့်တင်မှု ရပ်စဲရန် မိမိတို့အနေဖြင့် တိုက်တွန်းလိုကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်မည် ဖြစ်ပြီး အချိန်တိုင်း သတိရှိရှိဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှု၊ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှုတို့ကို ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်း မည် ဖြစ်ကြောင်း ဧပြီလ ၆ရက်နေ့တွင် ပြောကြားပါသည်။