Tsai Ing-wen သည် ကန်သို့ သွားရောက်လည်ပတ်ခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိန့်ခွန်းပြောကြား

(GMT+08:00)2023-04-06 13:32:07  

Tsai Ing-wen သည် အမေရိကန်နိုင်ငံသို့သွားရောက်လည်ပတ်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက အမေရိကန်နိုင်ငံ သည် တရုတ်နိုင်ငံ၏ လေးနက်သော အရေးဆိုမှုနှင့် ကြိမ်ဖန်များစွာ သတိပေးမှုကို လျစ်လျူရှုပြီး ထိုင်ဝမ်ဒေသခေါင်းဆောင် Tsai Ing-wen အား အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ခွင့်ပြုခဲ့ကြောင်း၊ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy သည် Tsai Ing-wen နှင့် တွေ့ဆုံပြီး အမေရိကန်အရာရှိများ၊ လွှတ်တော် အမတ်များသည် Tsai Ing-wen နှင့် ထိတွေ့ဆက်ဆံကာ Tsai Ing-wen ၏ ထိုင်ဝမ်သီးခြား တည်ရှိရေးဆိုင်ရာပြောဆိုချက် ထုတ်ဖော်ပြောကြားရန် စင်မြင့်တစ်ခု ထောက်ပံ့ပေးခဲ့ကြ ကြောင်း၊ စင်စစ်အားဖြင့် ဒါဟာ အမေရိကန်နှင့်ထိုင်ဝမ် ချိတ်ဆက်ဆောင်ရွက်ခြင်းပင် ဖြစ်ပြီး “နိုင်ငံဖြတ်ကျော်ခြင်း”ကို အကြောင်းပြုကာ  ထိုင်ဝမ်သီးခြား တည်ရှိရေး သမား များအား အမေရိကန်နိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ရန်၊ အမေရိကန်-ထိုင်ဝမ် တရားဝင် ဆက်ဆံရန်၊ အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေး မြှင့်တင်ရန် လက်လွတ် စပယ် ပြုခြင်းပင် ဖြစ်ကြောင်း၊ ၄င်းလုပ်ရပ်မှာ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒနှင့် တရုတ်- အမေရိကန်ပူးတွဲပြန်တမ်း၃ခုကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း ဖြစ်ကြောင်း၊ ထိုင်ဝမ်သီးခြားတည်ရှိရေးအင်အားသို့ မှားယွင်းသော အချက်ပြမှု ပေးပို့ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် အပြစ်တင်ရှုတ်ချကြောင်း ဧပြီလ ၆ရက်နေ့တွင် ပြောကြား ပါသည်။