ဆော်ဒီအာရေဗျနှင့်အီရန်နိုင်ငံခြားရေးဝန်ကြီးတို့သည်၇နှစ်အတွင်းဘေကျင်း၌ပထမဆုံးတရားဝင်တွေ့ဆုံ

(GMT+08:00)2023-04-06 16:21:23  

ယခုနှစ် မတ်လ ၁၀ ရက်နေ့ကဆော်ဒီအာရေဗျနှင့်အီရန်တို့ ဘေကျင်းဆွေးနွေးပွဲ၏ နောက်ဆက်တွဲအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး Faisal နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးAbdollahianတို့သည် ဧပြီလ ၆ ရက်နေ့ကဘေကျင်း၌တွေ့ဆုံခဲ့ပြီးယခုအကြိမ်တွေ့ဆုံမှုသည် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကြား၇နှစ်အတွင်းပထမဆုံးတရားဝင်တွေ့ဆုံမှုဖြစ်သည်။ 

ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများသည် ဘေကျင်းသို့ မသွားရောက်မီဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်နှင့် အခြားသောသဘောတူညီချက်များစတင်ရန် နှစ်နိုင်ငံလုပ်ဆောင်ရမည့် အချက်များကိုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။