ပြည်မကြီးသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အနာဂတ်တွင် နှစ်ဖက်ကမ်း ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းများစွာ ရှိသေးကြောင်း Ma Ying-jeou ဆို

(GMT+08:00)2023-04-06 14:26:19  

လွန်ခဲ့သည့် ရက်များအတွင်း ထိုင်ဝမ်ဒေသ၏ ခေါင်းဆောင်ဟောင်း Ma Ying-jeou သည် ထိုင်ဝမ်မှ ကျောင်းသားလူငယ်များကို ဦးဆောင်ပြီး တရုတ်နိုင်ငံ  နန်ကျင်း၊ ဝူဟန့်၊ ချန်ရှာ၊ ချုံချင့်၊ ရှန်ဟိုင်းစသည့်နေရာများသို့ လည်ပတ်ကြည့်ရှုခဲ့သည်။ Ma Ying-jeou နှင့်အဖွဲ့သည် ဘက်ပေါင်းစုံမှ ပြည်မကြီး၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုကို ခံစားခဲ့ကြသည်။ Ma Ying-jeou က ပြည်မကြီးသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အနာဂတ်တွင် နှစ်ဖက်ကမ်းအကြား ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းများစွာ ရှိသေးကြောင်း ပြောကြားခဲ့သည်။