၁၉၉၀ ခုနှစ်လွန် မွေးဖွားခဲ့သော အမျိုးသမီးတစ်ယောက်သည် ရုပ်ကလာပ် ခေါင်းသွင်းခြင်းအလုပ်ကို လုပ်ကိုင်ကာ တစ်နှစ်အတွင်း အလောင်း ၁၀၀၀၀ ကျော်အတွက် အလှပြင်ပေးနိုင်ခဲ့

(GMT+08:00)2023-04-06 14:28:08  

        ချင်းတော်မြို့ အသုဘ အလှပြင်အဖွဲ့ အလုပ်ခန်းတွင် ၁၉၉၈ခုနှစ်က မွေးဖွားသော အမျိုးသမီး ဝမ်ဝင်ကျင့်သည် လုပ်ဖော်ကိုင်ဖက် ကယ်ကျွန့်ထန်နှင့်အတူ သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းကို အလှပြင်ခြင်း ပြုလုပ်နေသည်။ အလုပ်မစခင် သူမသည်  Mask ကို အရင်တပ်ပြီး လက်အိတ်ကို ဝတ်သည်။ ပြီးတော့ ပိုးသတ်ဆေး ဖျန်းပြီး မိတ်ကပ်သေတ္တာထဲက ပစ္စည်းများကို ထုတ်ယူလိုက်သည်။ သူမသည် ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး မိတ်ကပ်ဘရပ်ရှ်များကို ကိုင်ကာ သေဆုံးသူမိသားစုပေးသော ဓာတ်ပုံအတိုင်း မိသားစုဝင်များ ကျေနပ်အောင် ရုပ်အလောင်းကို ဂရုတစိုက် အလှပြင်ပေးနေသည်။

ဝမ်ဝင်ကျင့်သည် တက္ကသိုလ်ကျောင်းသူဘဝတွင် ခေတ်မီနာရေးနည်းပညာနှင့် စီမံခန့်ခွဲမှုကို အဓိကထား သင်ယူခဲ့ပြီး ယင်းဘာသာရပ်တွင် အသိုးအပုပ်ကာကွယ်မှု၊ အလှပြင်မှု၊ မီးသင်္ဂြိုဟ်မှု ခွဲပြီး ဘွဲ့ရကာ အသုဘ ရုပ်ကလာပ် ခေါင်းသွင်းခြင်းအလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ သူမ အလုပ်လုပ်သည့် တစ်နှစ်ကျော်အတွင်း သေဆုံးသူ ရုပ်အလောင်းပေါင်း ၁၀၀၀၀ ကျော်ကို အလှပြင်ပေးခဲ့ပြီး ဖြစ်သည်။ 

       သူက “ကျွန်မ အလုပ်လုပ်တဲ့အခါ သပ်ရပ် လေးနက်စွာ ဝင်ဆင်ပေမယ့် ရုံးဆင်းပြီးနောက် ဖက်ရှင်ကျကျနှင့် လှပတဲ့ အဝတ်အစားများကို ဝတ်ဆင်ပြီး ဈေးဝယ်သွားရတာကို သဘောကျတယ်။ ကျွန်မတို့ အလုပ်က တခြားသူတွေ ပြောသလို ဝင်ငွေများမှာ မဟုတ်ဘူး။ သေဆုံးမှုဆိုင်ရာ ဗဟုသုတများကို လူတွေက ပိုမို သင်ယူပြီး အသက်ရှင်မှုနှင့် သေဆုံးမှုကို မှန်မှန်ရင်ဆိုင်ကာ သိပ္ပံနည်းကျကျ ဆင်ခြင်ဉာဏ်ဖြင့် ဘဝကို ရင်ဆိုင်သင့်ပါတယ်”ဟု ပြောခဲ့သည်။