Tsai Ing-wen နယ်စပ်ဖြတ်ကျော်ရာ အမေရိကန်သို့ ခရီးလှည့်လည်ခြင်းနှင့် ပတ်သက်၍ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ် ရေးရာရုံးမှ ကြေညာချက် ထုတ်ပြန်

(GMT+08:00)2023-04-06 13:31:21  

ယခုလ ၆ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ် ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူက Tsai Ing-wen နယ်စပ်ဖြတ်ကျော်ရာ အမေရိကန်သို့ ခရီးလှည့်လည်ခြင်းနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ 

၎င်းကြေညာချက်တွင် ယခုလ ၆ရက်နေ့က တရုတ် ထိုင်ဝမ် ဒေသ ခေါင်းဆောင် Tsai Ing-wenသည် “နယ်စပ်ဖြတ်ကျော်”အမည်ဖြင့် အမေရိကန်သို့ ခရီးလှည့်လည်ပြီး အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthyနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသည် ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ အာဏာပိုင်မှ ထိုင်ဝမ်-အမေရိကန် ချိတ်ဆက်မှုကို တွန်းအားပေးရန်၊ အမေရိကန်ကို အားကိုးပြီး ထိုင်ဝမ် သီးခြား လွတ်လပ်ရေး ရှာကြံရန် ရန်စမှု လုပ်ရပ် နောက်တစ်ခု ဖြစ်ကြောင်း၊ မိမိတို့သည် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်သားသော ဆောင်ရွက်ချက်များဖြင့် ထိုင်ဝမ် သီးခြား လွတ်လပ်ရေး အင်အားနှင့် ၄င်းတို့၏ လုပ်ဆောင်မှုများကို အရေးယူကာ နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။