မက်ခရွန်၏ တရုတ်နိုင်ငံခရီးစဉ်သည် အပြုသဘောဆောင်သော အချက်ပြ

(GMT+08:00)2023-04-06 14:01:01  

ဧပြီလ ၅ရက်နေ့ ညနေပိုင်းက ပြင်သစ်သမ္မတ မက်ခရွန်သည် ဘေကျင်းမြို့သို့ ရောက်ရှိခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြင်သစ် သမ္မတ မက်ခရွန်သည် ဧပြီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ပါသည်။ ပြင်သစ်သမ္မတ မက်ခရွန်အနေဖြင့် တရုတ်နိုင်ငံသို့  ယခုအကြိမ် လာရောက်ခြင်းသည်  တတိယအကြိမ်မြောက် လာရောက်လည်ပတ်ခြင်း ဖြစ်ပြီး ၎င်း၏ ဒုတိယသမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းလည်းဖြစ်ပါသည်။ မီဒီယာအများအပြားက ယင်းခရီးစဉ်ကို အထူး အာရုံစိုက်ကြပြီး မက်ခရွန်၏ ယခုအကြိမ် ခရီးစဉ်သည် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး ပေါင်းစပ်သည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံ အတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို ဆောင်ကြဉ်း ပေးရုံ သာမက ဥရောပနိုင်ငံများကိုပါ အပြုသဘောဆောင်သော အချက်ပြမှုများ ပေးပို့ခြင်းဖြစ်ကြောင်း ဖော် ပြခဲ့ကြပါသည်။