လုပ်အားပေး သစ်ပင်စိုက်ရာတွင် ရှီကျင့်ဖိန်က ဤစကားသုံးခွန်း ပြောခဲ့သည်

(GMT+08:00)2023-04-05 16:33:29  

ဧပြီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ ချောင်ယမ် မြို့နယ် တုန်းပါ့ ဗဟိုဥယျာဉ်၌ ပြည်သူလူထုများနှင့်အတူ လုပ်အားပေး သစ်ပင်စိုက်ခဲ့ကြပါသည်။ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့၏ လုပ်အားပေး သစ်ပင်စိုက်လှုပ်ရှားမှုများမှာ ၁၁ ကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးပါသည်။ ယခုအကြိမ် သစ်ပင်စိုက်ခဲ့စဉ်၌ ရှီကျင့်ဖိန်သည် ဤစကား သုံးခွန်းကို ပြောခဲ့ပါသည်။

၁။  ရှီကျင့်ဖိန်က သစ်ပင်သစ်တောစိုက်ပျိုးခြင်းသည် လွန်စွာ အရေးကြီး အဓိပ္ပါယ် ရှိသည့် အကြောင်းကိစ္စ တစ်ရပ် ဖြစ်ပြီး ယနေ့ခေတ်အတွက်ရော အနာဂတ်ရေးရာအတွက်ပါ အကျိုးပြုနိုင်သည့် မွန်မြတ်သော လုပ်ငန်းတစ်ရပ်ပင် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂။ ရှီကျင့်ဖိန်က ကျွန်တော်က ဘေကျင်းမှာ ကြီးပြင်းလာခြင်း ဖြစ်ပြီး ကျွန်တော်၏ ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းတစိတ် တော်တော်များများသည် သစ်ပင်များနှင့် ဆက်စပ်နေပါကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ရှီကျင့်ဖိန်က ကွန်နီဖာသစ်တောနှင့် ရွက်ပြန့်သစ်တောများကို အချိုးကျကျ ကောင်းမွန်စွာ စိုက်ပျိုးရမည် ဖြစ်ပြီး ယင်းတို့ကို ဇီဝကွင်းဆက် လိုအပ်ချက်များနှင့် ပိုမို ကိုက်ညီစေရမည် ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေရေး အခြေခံပေါ်တွင် ရောင်စုံသစ်ပင်များကို လည်း များများ စိုက်ပြီး ဘေကျင်းကို ပိုမို သာယာလှပအောင် တည်ဆောက်ရမည် ဖြစ်ကြောင်းလည်း ပြောကြားပါသည်။

၃။ ရှီကျင့်ဖိန်က မျက်မှောက်အချိန်နှင့် လာမည့် အချိန်ပိုင်းတစ်ပိုင်းအတွင်း အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီး မဟာဗျူဟာ တစ်ရပ် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။