တရုတ်နိုင်ငံနှင့် ခရီးသည်တင် လေကြောင်းလိုင်းများ ဖွင့်လှစ်ထားသော နိုင်ငံနှင့်ဒေသ အရေအတွက်သည် ကိုဗစ် မဖြစ်ပွားမီက အရေအတွက်၏ ၈၀ ရာခိုင်နှုန်းအထိ ပြန်ဖြစ်လာ

(GMT+08:00)2023-04-05 18:34:46  

 ယခုလ ၄ ရက်နေ့က တရုတ် မြို့ပြ လေကြောင်း ဌာနချုပ် လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျန်နန်က လွန်ခဲ့သည့် သီတင်းပတ်တွင် တရုတ်နိုင်ငံ၌ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းပျံသန်းမှု ကြိမ်ရေမှာ ၂၀၂၁ ခု ရှိပြီး ကိုဗစ်-၁၉ မဖြစ်ပွားမီက ကြိမ်ရေ၏ ၂၆.၅ ရာခိုင်နှုန်း ပြန်လည်ဖြစ်လာပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ခရီးသည်တင် လေကြောင်းလိုင်းများ ဖွင့်လှစ်ထားသော နိုင်ငံနှင့်ဒေသ အရေအတွက်သည် ၅၈ ခု ရှိပြီး ကိုဗစ်-၁၉ မဖြစ်ပွားမီက အရေအတွက်၏ ၈၀ ရာခိုင်နှုန်းခန့် ပြန်လည် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။