ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် လေ့လာဖေါ်ဆောင်ရေး အသိပညာပေးလုပ်ငန်းအစည်းအဝေး ကျင်းပ

(GMT+08:00)2023-04-05 16:31:44  

ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် လေ့လာဖေါ်ဆောင်ရေး အသိပညာပေးလုပ်ငန်းအစည်းအဝေးကို ဧပြီလ ၃ ရက်နေ့တွင် ဘေကျင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသားရှင်သန်ရေးဆိုင်ရာ ရည်မှန်းချက်များသည် စိတ်အားထက်သန်ဖွယ် ကောင်းသော မွန်မြတ်သော ရည်မှန်းချက် ဖြစ်ကြောင်း၊ မိမိတို့သည် ပါတီ၏ စီမံအုပ်ချုပ်မှု စွမ်းရည်နှင့် ခေါင်းဆောင်မှု အရည်အချင်းကို အဆက်မပြတ် တိုးမြှင့်ပြီး ခရီးစဉ်သစ်သို့ ချီတက်ရန်အတွက် သွေးစည်းညီညွတ်ပြီး ရဲရဲဝံ့ဝံ့ အားထုတ် ကြိုးပမ်းကာ ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရန်၊ တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရန်အတွက် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။