ဘေကျင်းမြို့တွင် အာဇာနည် သူရဲကောင်းများကို ပူဇော်ပွဲ ကျင်းပ

(GMT+08:00)2023-04-05 18:37:09  

ဧပြီလ ၄ ရက်နေ့က ဘေကျင်းမြို့တွင် မိုးတစ်ဖွဲဖွဲ ရွာသွန်းလျက်ရှိသည်။ Qingmingပွဲတော်တွင် အာဇာနည် သူရဲကောင်းများကို လွမ်းဆွတ်သတိရပြီး ကြီးမြတ်သော လုပ်ငန်းများ ဆောင်ရွက်ခြင်း ဆောင်ပုဒ် ဖြစ်သည့် ပူဇော်ပွဲနှင့် အသိပညာပေး လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဂျပန်ကျူးကျော်မှု ခုခံရေးစစ်ပွဲ အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပခဲ့ရာ အလွှာပေါင်းစုံမှ ကိုယ်စားလှယ် ၆၀၀ ကျော်တို့သည် အခမ်းအနားတွင် ပါဝင်ခဲ့ကြပါသည်။