ဆီးရီးယား ဒမ်မတ်စကတ်နှင့် တောင်ပိုင်းဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့သည်ဟုဆီးရီးယားစစ်တပ်ဆို

(GMT+08:00)2023-04-04 16:03:18  

ဆီးရီးယားစစ်တပ်မှ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် ဧပြီလ ၄ ရက်နေ့ ည ၁၂နာရီ ၁၅ မိနစ်တွင် ဆီးရီးယားမြို့တော် ဒမ်မတ်စကတ်နှင့် တောင်ပိုင်းဒေသကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရကြောင်း၊ ဆီးရီးယား လေကြောင်းရန်ကာကွယ်ရေး စနစ်သည် ဒုံးကျည်အများစုကို တားဆီးနိုင်ခဲ့သော်လည်း ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ပစ္စည်းဥစ္စာအချို့နစ်နာဆုံးရှုံးခဲ့ရကြောင်းသိရပါသည်။