ရှီကျင့်ဖိန်သည် နာမည်ကျော် အာရပ် အနုပညာရှင်များအား စာပြန်

(GMT+08:00)2023-04-04 15:47:21  

မကြာခင်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Silk Road: Artists’ Rendezvousဟူသော တရုတ်ပြည်တွင်း ခရီးလှည့်လည်ခြင်း လှုပ်ရှားမှုတွင် ပါဝင်ကြသော နာမည်ကျော် အာရပ် အနုပညာရှင် ကိုယ်စားလှယ်များကို စာပြန်ပြီး ၄င်းတို့အား ပိုမိုများပြားသော တရုတ်-အာရပ် ချစ်ကြည်ရေးကို ဖော်ပြနိုင်သော အနုပညာ လက်ရာကောင်းများကို တီထွင်ပြီး တရုတ်-အာရပ် ပြည်သူများ အကြား ချစ်ကြည်မှု တိုးမြှင့်ရေး အတွက် အကျိုးပြုမှုသစ်ကို စွမ်းဆောင်ရန် အားပေးကြောင်း ဖော်ပြခဲ့ပါသည်။

မကြာခင် ရက်များတွင် Silk Road: Artists’ Rendezvousဟူသော တရုတ်ပြည်၌ ခရီးလှည့်လည်ခြင်း လှုပ်ရှားမှုတွင် ပါဝင်ကြသော နာမည်ကျော် အာရပ် အနုပညာရှင် ၅၀ကျော်သည် ပူးတွဲ အမည်ဖြင့် သမ္မတ ရှီကျင့်ဖိန်ထံသို့ စာရေးသားပေးပို့ပြီး အာရပ်-တရုတ် ပြည်သူများ အကြား စိတ်ချင်း ဆက်နွှယ်စေရေး တိုးမြှင့်ရန်အတွက် အကျိုးပြု စွမ်းဆောင်ဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ ကြပါသည်။