ရုရှားနာမည်ကျော်စစ်သတင်းထောက်အသတ်ခံရပြီးယူကရိန်းဘက်ကယင်းအကြမ်းဖက် တိုက်ခိုက်မှုကိုစီစဉ်လုပ်ဆောင်ဟု ရုရှားဆို

(GMT+08:00)2023-04-04 16:11:36  

စိန့်ပီတာစဘတ်မြို့ကကော်ဖီဆိုင်တစ်ဆိုင်ဗုံးခွဲတိုက်ခိုက်မှုကိုအကြမ်းဖက်တိုက်ခိုက်မှုအဖြစ်ရုရှားဖက်ဒရေးရှင်းစုံစမ်းစစ်ဆေးရေးကော်မတီကဧပြီလ၃ရက်နေ့တွင်ချမှတ်ခဲ့ပါသည်။ယင်းပေါက်ကွဲမှုတွင်လူတစ်ဦးသေဆုံးပြီး  ၃၃ဦးဒဏ်ရာရရှိကာ ၎င်းတို့အနက် ၈ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနသတင်းပြန်ကြားရေးရုံးကကြေညာခဲ့သည်။

ယခုအကြိမ်ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူသည် Vladlian Tatars ဟုအွန်လိုင်းအမည်ရှိသောရုရှားစစ်သတင်းထောက်ဖြစ်ကြောင်း၊ ရုရှားဘက်မှ ရရှိသောသက်သေအရယခုအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုသည် ယူကရိန်းပြည်တွင်းမှ အဖွဲ့အစည်းတစ်ခုကစီစဉ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်မှုကို လုပ်ဆောင်သည့် သံသယရှိသူတစ်ဦး ဖမ်းဆီးခံရပြီဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းစုံစမ်းစစ်ဆေးရေးကော်မတီကကြေညာခဲ့သည်။

ယခုအချိန်အထိယူကရိန်းဘက်ကတုံ့ပြန်ပြောကြားခြင်းမရှိသေးကြောင်းသတင်းအရသိရပါသည်။