ရေနံဈေး မြင့်တက်လာ

(GMT+08:00)2023-04-04 15:50:05  

ဆော်ဒီအာရေဗျအပါအဝင် အဓိက ရေနံထုတ်လုပ်သည့် နိုင်ငံများက ထုတ်လုပ်မှု လျှော့ချရန် ဒေသစံတော်ချိန် ဧပြီလ ၂ ရက်နေ့က ကြေညာလိုက်ခြင်းကြောင့် ယခုလ ၃ ရက်နေ့တွင် နိုင်ငံတကာရေနံဈေးသည် သိသိသာသာမြင့်တက်လာပြီး၊ မေလတွင် ပို့ပေးမည့် နယူးယောက် အပေါ့စား ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၄.၇၅ ဒေါ်လာ မြင့်တက် လာပြီး၊ ဈေးသိမ်းချိန်တွင် ၈၀.၄၂ ဒေါ်လာ အထိ တိုးလာခဲ့သည်ဟု သတင်းအရသိရပါသည်။