အမေရိကန် အနေနှင့် အမေရိကန်အရာရှိနှင့် ဆိုက်ယဉ်ဝင်တို့ တွေ့ဆုံဖို့ စီစဉ်နေတာကိုမပြုလုပ်ရန် တရုတ်နိုင်ငံကတိုက်တွန်း

(GMT+08:00)2023-04-04 17:00:52  

ထိုင်ဝမ်မှ ဆိုက်ယဉ်ဝင်သည် ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိအမေရိကန်သို့ ဖြတ်ကျော်စဉ်အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ McCarthy နှင့်တွေ့ဆုံမည်ဟုသက်ဆိုင်ရာသတင်းတွင် ဖော်ပြခဲ့သည်။

ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမော်နင်က ဆိုက်ယဉ်ဝင်က အမေရိကန်သို့ ဖြတ်ကျော်စဉ်တွင် အမေရိကန်၌ ခရီးလှည့်လည်ရန် အမေရိကန်က စီစဉ်ပေးခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန်အစိုးရ၏ နံပါတ်(၃) ခေါင်းဆောင် အောက်လွှတ်တော် ဥက္ကဋ္ဌ McCarthy က ဆိုက်ယဉ်ဝင်နှင့် တွေ့ဆုံရန်ကို ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း၊ အကြောင်းကတော့ ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်းသုံးရပ်ပါ သတ်မှတ်ချက်များကို ပြင်းပြင်းထန်ထန် ဖောက်ဖျက်ပြီးတရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံရေးကို ပြင်းပြင်းထန်ထန် ထိခိုက်ပါကြောင်း၊ အမေရိကန် အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲ ပြန်တမ်းသုံးရပ်ပါ သတ်မှတ်ချက်များကိုလိုက်နာပြီး ဆိုက်ယဉ်ဝင် အမေရိကန်သို့ ဖြတ်ကျော်စဉ်တွင် အမေရိကန်၌ ခရီးလှည့်လည်ဖို့ ခွင့်မပြုရန်နှင့် အမေရိကန် နိုင်ငံရေးခေါင်းဆောင်ကဆိုက်ယဉ်ဝင်နှင့် တွေ့ဆုံသို့မဟုတ် ထိတွေ့ဖို့ စီစဉ်မှု မပြုလုပ်ရန် မိမိတို့ တိုက်တွန်းပါကြောင်း ၄ ရက်နေ့ကကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။