အမေရိကန် ဒေသများစွာတွင် ဆန္ဒပြပွဲ ဖြစ်ပွားပြီးသေနတ်ပစ်ခတ်မှုကိုဆန့်ကျင်

(GMT+08:00)2023-04-04 16:06:30  

ဒေသစံတော်ချိန် ဧပြီလ ၂ ရက်နေ့က အမေရိကန်နိုင်ငံBristol မြို့တွင် လူအများ စုစည်းပြီး “အကြမ်းဖက်မှုကိုရပ်တန့်ပါ”၊ “စာအုပ်များပါစေ၊ ကျည်ဆံနည်းပါစေ” အစရှိသော ပိုစတာများကို ကိုင်ဆောင်ထားကာ မကြာခင်ရက်က Nashvilleမူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုကို ဆန့်ကျင့်ခဲ့ကြသည်။

ဒေသစံတော်ချိန် ဧပြီလ ၃ ရက်နေ့က ဆယ်ကျော်သက်များနှင့် ကျောင်းသားမိဘများအပါအဝင် ရာနှင့်ချီသောလူများသည် Tennessee  ပြည်နယ် လွှတ်တော်ရုံးရှေ့တွင် စုစည်းပြီး သေနတ်ပစ်ခတ် အကြမ်းဖက်မှုများကိုဆန့်ကျင်ရန်နှင့် ပိုမိုတင်းကျပ်သောသေနတ် ထိန်းချုပ်ရေးဥပဒေများကိုချမှတ်ရန် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

မတ်လ ၂၇ ရက်နေ့ကအမေရိကန်နိုင်ငံTennessee  ပြည်နယ် Nashvilleမူလတန်းကျောင်းတစ်ခုတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေး ၃ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး သေနတ်သမားကို ရဲတို့က အခင်းဖြစ်ပွားရာနေရာတွင် ပစ်သတ်ခဲ့သည်။