လက်ရှိကာကွယ်ရေးဝန်ကြီးအား ရာထူးမှ ထုတ်ပယ်ခြင်း ရွှေ့ဆိုင်းရန် အစ္စရေးဝန်ကြီးချုပ် ဆုံးဖြတ်

(GMT+08:00)2023-04-04 15:49:23  

ဒေသစံတော်ချိန် ယခုလ ၃ ရက်နေ့က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်ရုံးမှ ကြေညာချက် ထုတ်ပြန်ပြီး၊လက်ရှိလုံခြုံရေးအခြေအနေတင်းမာမှုကြောင့်အစ္စရေးဝန်ကြီးချုပ် Netanyahu က လက်ရှိအစ္စရေးကာကွယ်ရေးဝန်ကြီး Galante အား ရာထူးမှ ထုတ်ပယ်ခြင်းကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြသည်ဟု အစ္စရေးမီဒီယာမှ သတင်းအရသိရပါ သည်။

ဒေသစံတော်ချိန် မတ်လ ၂၅ ရက်နေ့က Galante က တရားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များ ယာယီရပ်ထားရန် Galante က အစိုးရအား တောင်းဆိုခဲ့သည်။ မတ်လ ၂၆ ရက်နေ့တွင် အစ္စရေးဝန်ကြီးချုပ် Netanyahu က ကာကွယ်ရေးဝန်ကြီး Galante အား ရာထူးမှ ထုတ်ပယ်ရန် ကြေညာခဲ့သည်ဟု သတင်းအရ သိရပါသည်။